Saturday, September 27, 2014

Basic XSS


Cross Site Scripting ဆိုတာ XSS လို့ လဲလူသိများပါတယ် ။ input form တွေရဲ့ အားနည်းချက်ကိုအသုံးပြုပြီးတော့
Malicious Code တွေကို Website အတွင်းသို့  ထည့်သွင်းခြင်း inject လုပ်ခြင်းလို့ မှတ်ယူနိုင်ပါတယ် ။

XSS ဘယ်နမျိုးရှိလဲ ဆိုရင် ပထမတော့  ၂ မျိုးဘဲရှိပါတယ် ။ Persistance XSS နဲ့  Non-persistance XSS ဆိုပြီးတော့ပေါ့ ။
နောက်ပိုင်းမှာတော့ DOM Based XSS ဆိုတာတစ်ခုထပ်မံထွက်လာခဲ့ပါတယ် ။

Persistance XSS

Persistance XSS ဆိုတာကတော့ database ထဲကိုထည့်သွင်းတဲ့နေရာတွေမှာအများဆုံးတွေ့ ရတတ်ပါတယ် ။
ဥပမာအားဖြင့် Comment ပေးတဲ့နေရာမျိုးတွေမှာ အများဆုံးတွေ့ ရတတ်ပါတယ် ။ Post တစ်ခုရေးတင်တဲ့နေရာမျိုးတွေမှာ
Website ဟာ database ထဲမှာ user ရဲ့  input ကိုထည့်သိမ်းဖို့ လိုအပ်တာကြောင့် ဒီနေရာတွေမှာ Persistance XSS ကို
အများဆုံးတွေ့ ရခြင်းဘဲဖြစ်ပါတယ် ။

Diagram of a persistent XSS attack

Non Persistance XSS

Non Persistance XSS ကတော့ Persistance XSS နဲ့  ပြောင်းပြန်ပါဘဲ ။ database ထဲမှာ သွားပြီးထည့်မသိမ်းတဲ့
search form လို user search တဲ့နေရာမျိုးတွေမှာသာတွေ့ ရတတ်ပါတယ် ။ URL ကို ပေးပို့ ခြင်းဖြင့် malicious code ကိုအလုပ်လုပ်
စေနိုင်ပါတယ် ။


Diagram of a persistent XSS attack


DOM Based XSS

DOM ဆိုတာက Document Object Model ရဲ့ အတိုကောက်ပါ ။ သူကတော့ Source Code ထဲမှာ Source နဲ့  Slinks ဆိုပြီး ၂ မျိုးရှိပါတယ် ။
ဒီ attribute တွေကနေဘဲ DOM Based XSS ပေါက်တာပါ ။ name လို့  သတ်မှတ်ခဲ့တယ်ဆိုရင် အဲဒီနေရာကနေဘဲ malicious code ကို
ထည့်သွင်းလိုက်ခြင်းမျိုးကိုဆိုလိုပါတယ် ။


Diagram of a DOM-based XSS attack

နောက်အပိုင်းတွေကျမှ အသေးစိတ်ကို ထပ်မံရှင်းပြပေးပါမယ် ။


Refrence : http://excess-xss.com/
Categories:

0 comments:

Post a Comment